အငုံအဖူးလေးမို့ အပိုင်း၂(ဇာတ်သိမ်း)
သာဟန်ရေ…..သာဟန်…..သာဟန် ရှိလား…..`` ``ရှိတယ်….လာပြီ……`` ခြံဝက ခေါ်သံကြောင့် ကျုပ်ဟာ ထမင်းစားနေရာက လက်ဆေးပြီး ကမန်းကတန်း လက်သုတ်ကာ အိမ်ပေါ်မှ ပြေးဆင်းခဲ့ပါတယ်…။ ``အော်…..ဘယ်သူများတုံးလို့…ဒွေးလေးပု ပါလား….`` ``ဟုတ်တယ်….သာဟန်ရေ…..ဝိုင်းစိန် ကွင်းထဲသွားလို့ ထမင်းပို့မဲ့လူ မရှိလို့…အစကတော့ ငါသွားပို့မလို့ပဲ…အခု မတင်အေး ဗိုက်နာနေလို့ ငါ မသွားနိုင်တော့ဘူး…၊ မယ်အေးတို့အိမ် သွားရအုံးမှာ….နင်သွားပို့ပေးပါလား…..`` ``ဟုတ်ကဲ့…ဒွေးလေးပု…ပေး ထမင်းချိုင့်….ဒါနဲ့ ဝိုင်းစိန်က ကွင်းထဲကို တစ်ယောက်ထဲ ဘာသွားလုပ်တာလဲ…..`` ``အိမ်မှာ သူ့အစ်ကို မရှိဘူး…၊ မြို့တက်သွားတယ်..လယ်ထဲမှာ သူရင်းငှါးတွေ နောက်ချေးချတာကို အမေတို့ သားအမိ သွားကြည့်ပေးပါဆိုလို့…ဟေ့…..`` ဒွေးလေးပု မကျေမချမ်း ပြောသည်…..။ ``ကဲ….ကျုပ် သွားတော့မယ်…နေတောင် အတော်မြင့်နေပြီ…ဝိုင်းစိန် ဆာနေရော့မယ်…`` ``အေး…..သွား သွား…နင်အလုပ်အားရင် ညနေ ဝိုင်းစိန် ပြန်မှ ပြန်လာခဲ့…..`` ``ဟုတ်ကဲ့ ဒွေးလေးပု…..`` ဒီလိုနဲ့ ကျုပ် ကွင်းထဲကို ထွက်လာခဲ့တယ်…။ တဲရောက်တော့ တဲပေါ်ကနေ ခြေတွဲလောင်းချပြီး ထိုင်နေတဲ့ ဝိုင်းစိန်က ပြေးထွက်လာတယ်…။ ပြီးတော့ ကျုပ်လက်ထဲက ထမင်းချို...